မျက်စိတွေစပ်
အသက်ရှုကြပ်
အပူဟပ်တာလည်းခံရ…
ကောင်းကင်ကြီး အုံ့မှိုင်းနေပုံကိုက
ကမ္ဘာစစ်ကြီး နှစ်ခု ထပ်ထားသလိုမျိုး….
လောင်ကျွမ်းနေပုံများ….
ကမ္ဘာဦးအစကတည်းက
ဝမ်းမ၀ခဲ့တဲ့ပုံမျိုးနဲ့။
ကျနော်တို့နေတဲ့ ချင်းမိုင်မြို့က ဆိုခဲ့ပြီးတဲ့အတိုင်း တောရိပ်၊ တောင်ရိပ်တွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်း စိုစိုပြေပြေ စိမ်းလန်းနေတတ်ပါတယ်။ သစ်ပင်ပန်းမန်တွေလည်း ပေါပါတယ်။ ဒါပေမယ့် အခုလို ခြောက်သွေ့ရာသီ ရောက်ပြီဆိုရင်ဖြင့် ချင်းမိုင်ပတ်ဝန်းကျင်နဲ့ ထိုင်းနိုင်ငံမြောက်ပိုင်း တလျှောက်က တောတောင်တွေမှာ တော မီးတွေ လောင်တတ်ပါတယ်။ တောမီးလောင်ရင် လနဲ့ချီပြီးလောင်တတ်တယ်။ ကောင်းကင်တပြင်လုံး မီးခိုး ငွေ့တွေ အုံ့မှိုင်းနေပြီး၊ ရှုရတဲ့လေမှာလည်း မီးခိုးတွေပါနေလို့ အသက်ရှုကြပ်စေပါတယ်။ နောက်ပြီး မီးခိုးတွေကြောင့်ဘဲ မျက်စိတွေစပ်နေတတ်ပါတယ်။ ဒီလိုအခြေအနေအောက်မှာ ချင်းမိုင်သူ၊ ချင်းမိုင်သား တွေနဲ့ မြောက်ပိုင်းသားတွေ လနဲ့ချီနေရတဲ့အတွက် ကျန်းမာရေးထိခိုက်တတ်ပါတယ်။
သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေကနေလည်း တောမီးလောင်ရာက ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုအကြောင်း သတိပေးတာတွေ၊ အပြင်ထွက်ရင် မျက်မှန်တပ်၊ မျက်နှာဖုံးစွပ်ဖို့ နှိုးဆော်တာတွေ လုပ်လေ့ရှိပါ တယ်။
ရာသီဥတုကလည်း ပူ၊ မီးခိုးငွေ့တွေကြောင့် အသက်ရှုကြပ်၊ မျပ်စိစပ်၊ ကသိကအောက်နေရတဲ့ အခြေအနေ ကို ကဗျာလေးရေးကြည့်တာပါ။
Tuesday, March 3, 2009
အသက်ရှုမ၀တဲ့မြို့
Labels:
ကဗျာ
Subscribe to:
Posts (Atom)